Loading...
ဒီဆော့ဝဲလေးကတော့ folder တွေကို အရောင်လေးတွေနဲ့ထားချင်တယ်ဆိုရင်တော့သူငယ်ချင်းများအောက်မှာသွားဒေါင်းလိုက်ပါ
အောက်မှာဒေါင့်လော့လဒ့်လေးပေးထားပါတယ်...အရောင်းတွေတော်တော်များများပါပါတယ်...အသုံးပြုတဲ့နည်းလေးကတော့အရမ်းကိုလွယ်ကူပါတယ်...ဒီဆော့ဝဲလေးကို run ပြီးတာနဲ့ ကိုပြောင်းချင်တဲ့ folder အပေါ်မှာ ညာဘက်ကလစ်နှိပ်လိုက်တာနဲ့
folderhighlight ကိုတွေ့မှာပါ အဲ့ဒိ folderhighlight မှာ မိမိကြိုက်တဲ့အရောင်းလေးတွေနဲ့ folder ကိုအလှဆင်နိုင်ပါပြီ...

Unlimited Free Image and File Hosting at MediaFire

ဒေါင်းလော့လုပ်ရန်လဒ့်လေးပဲပေးထားပါတယ် အောက်မှာယူပြီးဒေါင်းလိုက်ပါ...
http://www.mediafire.com/?gq2jipzy52w8oih
သူငယ်ချင်းများကိုချစ်ခင်လေးစားပါတယ်...
Google+ ကိုပြန်တုန့်ပြန်တဲ့ အနေနဲ့ Facebook က  Feature 2 ခုကို ကြေညာလိုက်ပါတယ်။ Group Text Chat နှဲု့Skype လို Video Chat ဖြစ်ပါတယ်။
ဒီကောင်က Skype ဆိုပေမယ့် Skype Client ကို Download လုပ်စရာမလိုဘူးပြောပါတယ်။ Facebook Account ကို Log in လုပ်ပြီးတာနဲ့ ကြိုက်တဲ့ Friend နဲ့ Video Chat နိုင်ပါပြီ။ Skype Technology ကိုသုံးထားပေမယ့် Facebook ကနေ Skype က Friends တွေကို Call လို့ရမရကတော့ မသေချာသေးပါဘူး။
Client download လုပ်စရာမလိုဘူးပြောပေမယ့် Plugin လေးကို Install ရပါတယ်။ Video က Window အသစ်တစ်ခုနဲ့ တက်လာပါတယ်။ Desktop ပေါ်မှာ ကြိုက်တဲ့နေရာရွှေ့နိုင်ပါတယ်။ Call ကို Restart လုပ်စရာမလိုပဲ Microphone ကိုရွေးလို့ရပါတယ်။

2

စမ်းသပ်ချင်ပြီဆိုရင်တော့
၁. ဒီ Page ကိုသွားပြီး Video Chat ကို Enable လုပ်ပါ။
https://www.facebook.com/videocalling
၂. Video Chat ချင်တဲ့ Friend ကိုရွေးပြီး Chat Window ကို ဖွင့်လိုက်ပါ။
၃. ညာဘက် အပေါ်နားက Video Call icon လေးကိုရွေးလိုက်ပါ.
၎. Plugin ကို Install ပါ။
၅. Chat!

Mobile Video Chat ကလောလောဆယ် မရသေးပေမယ့် မကြာမည်အချိန်အတွင်းမှာရတော့မယ်လို့ပြောပါတယ်။

Group Chat ကတော့ ခုသုံးနေတဲ့ Facebook IM Window မှာပဲ Chat ချင်တဲ့ လူတွေကို Add ပြီးတော့ သုံးနိုင်ပါပြီ။
 Credit: Facebook Video Chat Page
ကျေးဇူးတင်ပါသည်...
ဒီတစ်ခါ ကျနော့်ရဲ့သူငယ်ချင်းတွေကို မျှဝေချင်တာလေးကတော့ ကွန်ပျူတာ/အင်တာနက် Website တွေလေ့လာ
အသုံပြုနေကြရင်းနဲ့ ကိုယ်မသိတဲ့ အင်္ဂလိပ် စာလုံးလေးတွေ တွေ့ ရတဲ့ခါ အခက်တွေ့ ရတတ်ပါတယ်
ဆိုင်ကသုံးတဲ့အခါဆိုတော့ စက်ထဲမှာလည်း Dictionary ဆော့ဝဲလ် ကလဲ ရှိချင်မှ ရှိမှာပေါ့
အဲ့အတွက် အခက်တွေ့ နေရတဲ့ သူငယ်ချင်းတွေ အတွက်ကို အလွယ်ကူဆုံး  နည်းလမ်းလေး တခု ကို 
မျှဝေလိုက်ပါတယ် ... အဲ့တာကတော့ Gtalk Dictionary လေးပါ . en2mm12@mmgeeks.org ဒီအကောင့်လေးကို မိမိတို့ ရဲ့Gtalk မှာ Add ထားလိုက်တာနဲ့ အဆင်ပြေသွားမှာပါ ..
သူငယ်ချင်းတို့ မသိတဲ့ စကားလုံးလေးကို အဲ့အကောင့်ရဲ့ Chat Boxလေးမှာ ရိုက်ထည့်ပေးလိုက်ပါ
ပြန်ဖြေပေးပါလိမ့်မယ်...(မသိသေးသောသူများအတွက်သာဖြစ်ပါသည် ) ။

အားလုံးပဲ အဆင်ပြေကြပါစေ...
ကိုဖြိုး ( ဧရာဝတီ )
www.futurestars-mm.org
ကျေးဇူးတင်ပါသည်...

FormatFactory_v2.70.Portable


ကဲကျွန်တော်တို့ဒီတစ်ခါ  Format Factory လေးကို Portable လေးနဲ့သုံးကြည့်ရအောင်ဗျာ။Software ကို  
RUNနေရတဲ့ဒုက္ခလေးတွေကနေဝေးတာပေါ့ဗျာ။အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်။
အသုံးပြုဖူးတဲ့သူတွေကတော့သိမယ်လို့ထင်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ဒီကောင်လေးက MP4/3GP/MPG/AVI/WMV/FLV/SWF. MP3/WMA/AMR/OGG/AAC/.Rip DVD to video file , Rip Music CD to
audio file.MP4 files support iPod/iPhone/PSP/BlackBerry format.စတဲ့သီချင်းဖိုင်တွေသာမက  
WAV.JPG/BMP/PNG/TIF/ICO/GIF/TGAစတဲ့Picture ဖိုင် Type တွေကိုပါပြောင်းပေးနိုင်ပါတယ်။
DVD/CD to ISO/CSO ,ISO<-->CSO စတဲ့ Function တော်တော်များများကိုလုပ်ဆောင်ပေးနိုင်ပါတယ်။
ဘာသာစကားကိုလည်းအမျိုးပေါင်း 60 နီးပါးပြောင်းလဲအသုံးပြုနိုင်ပါတယ်။အဲ့ဒါအပြင် Audio Joiner ,
Video Joiner,Mux,နဲ့ Media File Info ဆိုတဲ့ Function တွေလည်းတော်တော်များများပါဝင်ပါတယ်။
သည်းခံပြီးဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။နှစ်နေရာခွဲတင်ပေးထားပါတယ်။အဆင်ပြေမယ့်
လင့်ခ်လေးကနေသာယူသွားလိုက်ပါ။

Downloading From Ifile.it

Downloading From Mediafire
ကျေးဇူးတင်ပါသည်...

Zemana AntiLogger

ဆောစ့်ဝဲလ်လေးပါ သူငယ်ချင်းတွေအတွက်အသုံးတည့်မယ်လို့ထင်ပါတယ်(အင်တာနက်ချိတ်ထားတဲ့ကွန်ပျူတာအတွက်)
အဲဆောစ်ဝဲလ်လေးက keyloggers တွေစတဲ့ ဗိုင်းရပ်တွေကာကွယ်ပေးပါတယ် ပုံနဲ့ပြထားပါတယ် 
ဆက်လက်ဖတ်ရှုရန်
ကျေးဇူးတင်ပါသည်...
မင်္ဂလာပါ…။
ဒီနည်းလေးကတော့ မိမိရဲ့Blog / Web-page လိပ်စာရိုက်တဲ့အကွက်မှာ မိမိရဲ့ဓါတ်ပုံ(သို့မဟုတ်)
Logo အမှတ်တံဆိပ် ထည့်နည်းလေးပါ။ 

IT ပညာရှင်မဟုတ်တော့ ကျနော်နားလည်သလိုဘဲရေးထားပါတယ်၊

ကျနော့်လိုဘဲမသိသေးသူများ၊ လေ့လာနေသူများအတွက်
သဘောပေါက်လွယ်အောင်ပုံများနှင့်အသေးစိပ်ဖေါ်ပြလိုက်ပါတယ်။

ပထမဦးဆုံး မိမိအသုံးပြုမည့်ဓါတ်ပုံ(သို့မဟုတ်) အမှတ်တံဆိပ် တစ်ခုကို ရှာဖွေရွေးချယ်လိုက်ပါ၊

၎င်းဓါတ်ပုံ(သို့မဟုတ်) အမှတ်တံဆိပ်ကို Photo-Bucket တွင် Upload လုပ်ပါ၊

ဆက်လက်ဖတ်ရှုရန်
ကျေးဇူးတင်ပါသည်...

(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့


Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editorကိုဆိုလိုတာပါ။) ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ

“control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။      ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modify

ကိုရွေးပြီး Value ကို “0″ ထားပါ။   ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။

(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။

Start ကိုသွားပါ။  Run box ကိုဖွင့်ပါ။   “gpedit.msc” ဆိုပြီး ရိုက်ပါ။   ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။ - “Administrative Templates” ကိုရွေပါ။

 “Windows components” ကို ရွေးချယ်ပါ   “Terminal services” ကိုရွေးချယ်ပါ    ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ

Right click နှိပ်ပါ။ Properties ကို ရွေးချယ်ပါ   ပြီးရင် “disable” ကို ရွေးချယ်ပါ။

ဆက်လက်ဖတ်ရှုရန်
ကျေးဇူးတင်ပါသည်...
ကွန်ပျူတာ စပြင်ကာက ပြဿနာ တစ်ရပ်ပါ။ အဲဒီပြဿနာကတော့ ၀င်းဒိုး မတက်တော့ပဲ အောက်က error ပဲ ပြနေတယ်။

NTLDR is missing
NTLDR is missing. Press CTRL + ALT + DELETE to restart

အဲဒါပြတယ်။ Ctrl + Alt + Delete လုပ်လိုက်ရင် Restart ကျသွားပါလေရော။ တော်တော်ရှုပ်တဲ့ ပြဿနာ တစ်ရပ်ပါပဲ။ မိမိအနေနဲ့ မလုပ်တတ်၊ မကိုင်တတ်ခဲ့တော့ ၀င်းဒိုးကို format သာ ချခဲ့ပါတယ်။ အလုပ်ရှုပ် အချိန်ကုန်ပေါ့။ အခု ဒီပြဿနာ ဖြစ်ခဲ့ရင် အောက်က နည်းလမ်းတွေ အတိုင်း စမ်းကြည့်ကြပါ။ ကျွန်တော်ကိုယ်တိုင်ကတော့ ဒီပြဿနာကို မကြုံရတာ ကြာနေတော့ မစမ်းရသေးပါဘူး။ လိုရမယ်ရ ဖော်ပြပေးလိုက်တာပါ။

နည်းလမ်း(၁)
- စက်ထဲကို Window CD ထည့်ပြီး F10 ကို နှိပ်ပါ။
- ပြီးရင် Command Prompt ပေါ်လာရင် fixboot C: ဆိုတဲ့စာသားကို ရိုက်ပြီး Restart ချလိုက်ပါ။

နည်းလမ်း(၂)
- စက်ထဲကို Window CD ထည့်ပါ။
- ပြီးရင် r key ကို နှိပ်ပါ။
- CD Rom ကို ရွေးပါ။ မိမိရဲ့ CD Rom က X: ဆိုရင် X: ကို ရိုက်ပါ။
- ပြီးရင် cd i386 ရိုက်ပါ။ ပြီးရင် copy ntldr c: ။ ပြီးရင် copy ntdetect.com c: ကို ရိုက်ပါ။
- ပြီးရင် Restart ချပါ။

နည်းလမ်း(၃)
- floppy Disk နဲ့ လုပ်ရမှာပါ။ floppy Disk ထဲကို NTLDR file , boot.ini , NTDETECT ဖိုင်(၃)ဖိုင်ကို Copy ကူးထည့်ပါ။
- စက်ထဲကို floppy disk ထဲပြီး floppy မှ Window တက်ပါ။ Command Prompt တွင် copy ntldr c: ကို ရိုက်ပါ။ - Restart ချပါ။

အထက်ပါ နည်းလမ်းများဖြင့် စမ်းသပ်၍ မရခဲ့လျှင် လမ်းဟောင်းလေးအတိုင်း Window သာ အသစ်တင်လိုက်ပါတော့။
ကျေးဇူးတင်ပါသည်...
မိမိတို့ရဲ့ Desktop ပေါ်မှာ Lock ချတဲ့ Shortcut လေး တစ်ခုလောက် လုပ်ကြရအောင်။ လုပ်နည်းလေးကတော့ အောက်ကအတိုင်းပါပဲ။

ပထမအဆင့်

၁ Desktop ပေါ်မှာ Right Click လုပ်။ New မှ Shortcut ကို ရွေး။
၂ Shortcut Wizard Box ပေါ်လာရင် အောက်က ကုဒ်တွေကို ကူးထည့်လိုက်။

%windir%\System32\rundll32.exe user32.dll,LockWorkStation

၃ ပြီးရင် Next ။ ဖိုင်နာမည်ကို Lock လို့ ပေးလိုက်ပါ။ Finish ။

ဒုတိယအဆင့်

၁ အဲဒီ Shortcut ရဲ့ Icon ကို ပြောင်းလဲမှာ ဖြစ်တဲ့အတွက် Icon ပေါ်ကို Right Click လုပ်။ Properties ကို ရွေး။
၂ ပြီးရင် Change Icon ကို ကလစ်လုပ်။
၃ look for icons in this file ဆိုတဲ့ အကွက်မှာ %SystemRoot%\system32\SHELL32.dll ရိုက်လိုက်။
၎ ပုံတွေပေါ်လာရင် Lock ပုံလေးရွေးပါ။ ပြီးရင် Ok ။

ဒါဆိုရင် မိမိတို့ရဲ့ Desktop ပေါ်မှာ Lock Shortcut လေး ရှိနေတော့မယ်။ ၀င်းဒိုးကို အလွယ်တကူ Lock ချခဲ့လို့ရမယ်။ ဒီထက် လွယ်ချင်ရင်တော့ Window Key + L Key ကိုသာ နှိပ်လိုက်ပါ။ ပိုမြန်ပါတယ်။
ကျေးဇူးတင်ပါသည်...

Latest Activity

commented on a blog entry.
လွန်ခဲ့တဲ့ လတော်တော်များများက
added a new blog entry.
လွန်ခဲ့တဲ့ လတော်တော်များများက
added a new blog entry.
လွန်ခဲ့တဲ့ လတော်တော်များများက
added a new blog entry.
လွန်ခဲ့တဲ့ လတော်တော်များများက
commented on a blog entry.
လွန်ခဲ့တဲ့ လတော်တော်များများက

Share